Local News

နိုင်ငံတစ်ဝန်း လိုင်စင်မဲ့ကားများ ဇူလိုင်မှစတင်၍ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူတော့မည်

ထိုင်း-မြန်မာနယ်စပ်မှ လိုင်စင်မဲ့ကားများ။(ဓာတ်ပုံ-Focusmyanmar)
ရန်ကုန်၊ ဇွန် ၂၃
နိုင်ငံတစ်စန်းရှိ လိုင်စင်မဲ့ကားများကို ဇူလိုင်လမှစတင်ပြီး စီမံချက်ဖြင့် စတင်ဖမ်းဆီးအရေး ယူတော့မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရက သက်ဆိုင်ရာ ဌာနများသို့ ထုတ်ပြန်လိုက်သည့် ဌာနဆိုင်ရာ ညွှန်ကြားစာအရ သိရှိရသည်။

ပြည်ထောင်စုအစိုးရက လိုင်စင်မဲ့ကားများကို ပညာပေးကာလသတ်မှတ် အသိပေးပြီး ဇူလိုင်မှ စတင်၍ ပြည်နယ်/တိုင်းများအားလုံးတွင် စီမံချက်ဖြင့် ဖမ်းဆီးအရေးယူရန် ညွှန်ကြားထားကြောင်း၊ မကွေးတိုင်းတွင်မူ လာမည့် ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်၍ လိုင်စင်မဲ့ကားများကို ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ လိုင်စင်မဲ့ကား အသုံးပြုမှု များပြားသော ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အပါအဝင် အခြားသော ပြည်နယ်/တိုင်းများအားလုံးတွင်လည်း လိုင်စင်မဲ့ကား စီမံချက်ဖြင့် ဖမ်းဆီးမှုများကို တစ်ပြိုင်နက်တည်း စတင်မည်ဖြစ်ကြောင်း သိရှိရသည်။

အရေးပေါ်လူနာတင်ယာဉ်နှင့် ပရဟိတအသင်းများက အသုံးပြုနေသော နာရေးယာဉ်များမှာလည်း လိုင်စင်မဲ့ကားများဖြစ်နေသဖြင့် စီမံချက်ဖြင့် ဖမ်းဆီးမည်ဆိုပါက အဆိုပါ အရေးပေါ် လူနာတင်ယာဉ်နှင့်ပရဟိတ နာရေးကားများ ရပ်ဆိုင်းရမည့် အခြေအနေများရှိနေကြောင်း မကွေးတိုင်းအတွင်းရှိ ပရဟိတ အသင်းတချို့က ထုတ်ဖော်ပြောဆိုကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts

Leave a Reply

Your email address will not be published.