Local News

တရားသူကြီး ၅ ဦး၊ ပါမောက္ခချုပ် ၁ ဦး ၊ ရဲအုပ် ၁ ဦးနှင့်ခရိုင်ထွေအုပ်မှူး ၂ ဦး အပါအဝင် ၁၆ ဦးကို အကျင့်ပျက်ခြစားမှုဖြင့် တရားခံပြေးကြေညာ

ရန်ကုန်၊ ဇွန် ၃၀

မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားသူကြီး ၅ ဦး၊ ပါမောက္ခချုပ် ၁ ဦး၊ ရဲအုပ် ၁ ဦး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ၂ ဦး အပါအဝင် ၁၆ ဦးကို အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုဖြင့် အလိုရှိနေသော တရားခံပြေးများအဖြစ် ဇွန်လ ၂၉  ရက်နေ့ တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် အဆိုပါ တရားခံပြေး ၁၆ ဦးသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့သောအမှုများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ ၅၇ တို့အရ တရားစွဲဆိုထားသူများဖြစ်ပြီး တရားခံပြေး ၁၆ ဦးကို တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းသို့ သတင်းပေးပို့ကြရန် ပါရှိသည်။

တရားသူကြီး ၅ ဦးများမှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့မရဲစခန်းတွင် အမှုဖွင့်ခံထားရသော မြို့နယ်တရားသူကြီး ဦးဦးသိန်းထွန်း( အသက် ၄၉ နှစ်) ၊ စစ်ကိုင်းတွင် အမှုဖွင့်ခံထားရသော ဘုတလင်မြို့နယ် တရားသူကြီး ဒေါ်အေးအေးနွဲ့  (အသက် ၄၃ နှစ်)၊ မန္တလေးတိုင်းတွင် အမှုဖွင့်ခံထားရသော မလှိုင်မြို့နယ် တွဲဖက်မြို့နယ် တရားသူကြီး ဦးထင်လင်း (အသက် ၄၁ နှစ်)၊ ပဲခူးတိုင်းတွင် အမှုဖွင့်ခံထားရသော တောင်ငူခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးရွှေ(အသက် ၆၀ နှစ်)၊ ရန်ကုန်တိုင်းတွင် အမှုဖွင့်ထားသော ရန်ကင်းမြို့နယ် တွဲဖက် တရားသူကြီး ဒေါ်ခင်လေးငယ် (အသက် ၄၅ နှစ်) တို့ဖြစ်သည်။

ပါမောက္ခချုပ်တစ်ဦးမှာ မန္တလေးတိုင်းတွင် အမှုဖွင်ခံထားရသော မိတ္တီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဦးကိုကိုကျော်စိုး၊ ရဲအုပ်မှာမူ  စစ်ကိုင်းတိုင်းတွင် အမှုဖွင့်ခံထားရသော ပေပင်ချောင်ရဲကင်းစခန်း ရဲအုပ်ရာဇာကိုကို (အသက် ၄၀ နှစ်)  ၊ ထွေအုပ် ၂ ဦးမှာမူ စစ်ကိုင်းတွင် အမှုဖွင့်ခံထားရသော မော်လိုက်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ရဲသွေး (အသက် ၄၁ နှစ်)၊ စစ်ကိုင်းတွင်ပင် အမှုဖွင့်ခံထားရသော တမူးခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး (အသက် ၄၅ နှစ်) တို့ဖြစ်သည်။

ရဲတပ်ဖွဲ့က ကြေညာထားသော တရားခံပြေး စာရင်း အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

၁ – ဦးမြင့်ေ၀   အသက် ၆၃ နှစ်  ဦးစီးအရာရှိ(ငြိမ်း)၊ မြေစာရင်းဦးစီးဌာန ၊ မွန်ပြည်နယ်

၂- ဒေါ်အဉ္စလီမြရှိန် အသက် ၃၉  နှစ်  ဦးစီးအရာရှိ၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်

၃- ဦးကျော်ရဲသွေး  အသက် ၄၁ နှစ်  ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်လိုက်ခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး

၄- ဦးစိန်မောင်ဝင်း  အသက် ၅၀ နှစ် တရားမဝင် သစ်စက်လုပ်ငန်း ညောင်တုန်း၊ ကျွန်းလှ စစ်ကိုင်းဒေသကြီး

၅-ရဲအုပ် ရာဇာကိုကို  အသက် ၄၀ နှစ် စခန်းမှူး၊ ပေပင်ချောင်ရဲကင်းစခန်း ၊ စစ်ကိုင်းတိုင်း

၆-ဦးဦးသိန်းထွန်း အသက် ၄၉  နှစ် မြို့နယ်တရားသူကြီး၊ ရခိုင်ပြည်နယ်

၇-ဒေါ်ခင်အုန်းမြ အသက် ၅၉  နှစ် လက်ထောက်ညွှန်ကြားရေးမှူး၊ပညာရေးဝန်ကြီးဌာန မကွေးတိုင်းသေကြီး

၈-ဦးသိန်းဇော်ဦး အသက် ၄၅ နှစ် တမူးခရိုင် အုပ်ချုပ်ရေးမှူး  စစ်ကိုင်းတိုင်းသေကြီး

၉ -ဦးရွှေ အသက် ၆၀ နှစ် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဒုတိယခရိုင် တရားသူကြီး တောင်ငူခရိုင်၊ ပဲခူးတိုင်းဒေသကြီး

၁၀-ဒေါ်ယမင်းသန့် အသက် ၂၉  နှစ် မြို့နယ်ဥပဒေအရာရှိ စစ်ကိုင်းတိုင်းဒေသကြီး

၁၁-ဒေါ်စုကြည် အသက် ၂၉  နှစ် အထက်တန်းရှေ့နေ စစ်ကိုင်းတိုင်းဒေသကြီး

၁၂- ဒေါ်အေးအေးနွဲ့  အသက် ၄၃ နှစ်  မြို့နယ်တရားသူကြီး၊ ဘုတလင်မြို့နယ် ၊စစ်ကိုင်းတိုင်းဒေသကြီး

၁၃-ဦးဇော်လင်းလင်းနိုင် အသက် ၃၈ နှစ် တောအုပ် ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာန၊ စစ်ကိုင်းဒေသကြီး

၁၄-ဦးထင်လင်း အသက် ၄၁ နှစ် တွဲဖက်မြို့နယ် တရားသူကြီး မလှိုင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး

၁၅-ဒေါ်ခင်လေးငယ် အသက် ၄၅ နှစ် တွဲဖက်မြို့နယ် တရားသူကြီး ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

၁၆-ဒေါက်တာဦးကိုကိုကျော်စိုး အသက် ၅၈ နှစ် ပါမောက္ခချုပ်၊ မိတ္တီလာတက္ကသိုလ်၊ မန္တလေးတိုင်းဒေသကြီး

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts

Leave a Reply

Your email address will not be published.