All News Crime Local News

စမ်းချောင်း၊ဗဟိုလမ်းကို ကွန်ကရစ်လမ်းခင်းရန် သံချောင်းရိုက်စဉ် စည်ပင် ဝန်ထမ်း ၁ ဦး ဓာတ်လိုက် သေဆုံး

စမ်းချောင်းမြို့နယ် ၊ ဗဟိုလမ်းကို ကွန်ကရစ် လမ်းခင်းရန် သစ်သားအကာအရန်များ စိုက်ထူရန် သံချောင်းရိုက်ရာမှ စည်ပင် ဝန်ထမ်းတစ်ဦး ယနေ့ ညနေ ၄ နာရီ ၂၀ မိနစ်က ဓာတ်လိုက်သေဆုံးသွားသည်။

အလုံစည်ပင်သာယာဝင်းတွင် နေထိုင်သော အသက် ၄၂ နှစ်အရွယ် စည်ပင်ဝန်ထမ်း ကိုကရင်သည် ဗဟိုလမ်းနှင့် မင်းလမ်းထောင့်တွင် ကွန်ကရစ်လမ်းအဖြစ် မခင်းမီ အကာအရန်များ စိုက်ထူရန် သံချောင်းစိုက်ရာမှ အဆိုပါ သံချောင်းသည် မြေအောက် လ ျှပ်စစ်ဓာတ်ကြိုးကို စိုက်မိပြီး ဓာတ်လိုက် သေဆုံးသွားခြင်းဖြစ်သည်။

ဓာတ်လိုက်သေဆုံးသွားသည့် ကိုကရင်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်တွင် သားသမီးများ ကျန်ရစ်ကြောင်း သိရှိရသည်။

“အဲဒီအလုပ်သမား ၃ မိနစ်လောက်ကြာတယ် ဓာတ်လိုက်နေတာ။ သူ့ကို ဝင်ဆွဲတဲ့သူတွေလည်း လိုက်တယ်။ ဒါပေမယ့် အချိန်မီ ဆွဲတော့ လွတ်သွားတယ်။ သံချောင်းကိုင်ရင်းဓာတ်လိုက်ပြီး လဲကျသွားတာ” ဟု စည်ပင် အလုပ်သမားတစ်ဦးက ပြောသည်။

စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့ကလည်း အမှုဖြစ်စဉ်ကို လာရောက်သတင်းယူခဲ့ပြီး စမ်းချောင်းမြို့နယ် လ ျှပ်စစ်ဌာနကလည်း ပေါက်သွားသည့် မြေအောက် လ ျှပ်စစ်ဓာတ်ကြိုးကို ချက်ချင်း ပြင်ဆင်လျက်ရှိသည်။

 

 

 

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts

Leave a Reply

Your email address will not be published.