Local News

ကချင်စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီဖို့ လူ့အခွင့်အရေးကော်မရှင်က ပန်ကြား

ရန်ကုန်၊ ဇွန် ၂၇

ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကချင်စစ်ဘေးရှောင် ဒုက္ခသည်များတွင် စားဝတ်နေရေး လိုအပ်ချက်များရှိနေပြီး ဒုက္ခသည်များကို အစိုးရ၊ တပ်မတော်က ဝိုင်းဝန်း ကူညီပေးရန် ပန်ကြားချက် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သည် ဇွန်လ ၂၁ ရက်နေ့နှင့် ဇွန်လ ၂၂ ရက်နေ့တို့တွင် ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်လေ့လာခဲ့ပြီး စစ်ဘေးရှောင်ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဒေသခံ ကျေးရွာများသည် တိုက်ပွဲများကြောင့် ကြောက်ရွံ့ ထွက်ပြေးလာကြသူ များဖြစ်ပြီး သောက်သုံးရေခက်ခဲခြင်း၊ ဖျားနာခြင်းနှင့်ဝမ်းလျှောခြင်း အပါအဝင် ဒုက္ခများစွာ ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က တရားဝင် သတင်းထုတ်ပြန်သည်။

စစ်ဘေးရှောင်စခန်းများတွင် လူဦးရေနှင့် နေရာထိုင်ခင်း မမျှတခြင်း ၊ သန့်ရှင်းသောရေသန့်နှင့် ချိုးရေ မရရှိခြင်း၊ အိမ်သာနှင့်လူဦးရေ လုံလောက်မှုမရှိခြင်း၊ မိုးရာသီ စစ်ရှောင်စခန်းများတွင် ရေကြီးခြင်း၊ အာဟာရအတွက် လိုအပ်ချက်ရှိနေခြင်း ၊ ပညာရေးလိုအပ်ချက်များရှိနေကြောင်း၊ စာဝတ်နေရေး အခက်အခဲများလည်းရှိနေကြောင်း သိရှိရသည်။

တနိုင်းမြို့တွင် ကေဘီစီ၊ အာစီ၊ အေဂျီနှင့် ခရစ်ယာန်ဘုရားကျောင်း (စီအိုစီ) ဟူ၍စခန်း ၄ ခုရှိ စစ်ရှောင်လူဦးရေ ၁၃၁၇ ဦးမှာလည်း နေရာကျပ်တည်းမှုနှင့်စားရေရိက္ခာ အခက်အခဲ၊ သားသမီး ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများကြုံတွေ့နေရကြောင်း ၊ တိုက်ပွဲများ ရပ်တန့်နေပြီ ဖြစ်၍ တပ်မတော်နှင့် တာဝန်ရှိသူများက ဒေသခံများ ကျေးရွာများ ပြန်နိုင်ရန် ကူညီပေးသင့်ကြောင်း၊ တိုက်ပွဲများကြောင့် ဒေသခံများ အခက်အခဲပေါင်းများစွာရင်ဆိုင်နေရ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောလျင်စွာ အကောင်အထည်ဖော်စေလိုကြောင်း လူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com

Leave a Reply

Your email address will not be published.